Flow Chart

Programming ကို လေ့လာရာမှာ အခြေခံ အနေနဲ့ Pseudo code အပြင် Flow chart ကို ပါ သိထားသင့်တယ်။ အခုအချိန်ထိ coding အကြောင်းကို ကျွန်တော် မရေးသေးပါဘူး။ အခြေခံ အဆင့်တွေ ဖြစ်တဲ့ Flow Chart , Pseudo စတာတွေ ကို နားလည် သွားတဲ့ အခါမှာ programming ကို လွယ်လင့် တကူ စဉ်းစားနိုင်အောင် အထောက် အကူပြုနိုင်ပါတယ်။

Flow Chart ဆိုတာကိုတော့ ကျွန်တော်တို့ တွေ ဘာပြီး ရင် ဘာလုပ်မယ် ဆိုတာကို အဆင့်ဆင့် ပုံတွေနဲ့ ဆွဲပြထားပါတယ်။ Flow Chart ဆွဲရာမှာ သက်ဆိုင်ရာ သတ်မှတ် ချက်တွေ ရှိပါတယ်။ အရင်ဆုံး ဘယ်ပုံတွေက ဘာကို ကိုယ်စားပြုတယ်ဆိုတာကို အောက်မှာ ဖော်ပြထားပါတယ်။

Terminal

terminal

Flowchart အစ သို့မဟုတ် အဆုံး စသည့် နေရာတွေ မှာ အသုံးပြုပါတယ်။

အစကို Start , Begin စသည်ဖြင့် အသုံးပြုပါတယ်။

start

အဆုံးကို တော့ End , Exit, Return တွေကို အသုံးပြုပါတယ်။

stop

Lines with Arrows

တစ်ခုကနေ နောက်တစ်ခုကို သွားဖို့ ညွှန်ပြုထားတာပါ။ ဒါအဆင့် ပြီးရင် ဘယ်ကို သွားမလဲ ဆိုတာကို ညွှန်ပြုထားပါတယ်။

line

Line တွေ ဆွဲတဲ့ အခါမှာ cross ဖြစ်နေရင် မျဉ်းကို မဖြတ်သွားပဲ အခုလို ဂငယ် ပုံလေးနဲ့ ဆွဲပါတယ်။

line

Rectangle

line

Flowchart မှာ စတုဂံတွေကို process, task, action, operation စသည့်အတွက် အသုံးပြုပါတယ်။ စတုဂံပုံဟာ action တစ်ခုခုလုပ်ဖို့ တစ်ခုခုပြီးမြောက်ဖို့အတွက် ညွှန်ပြထားပါတယ်။

line

Decision

decision

အသုံးပြုသူကို မေးခွန်းမေးပြီးတော့ အဖြေပေါ်မှာ မူတည်ပြီး အလုပ်လုပ်စေချင်တဲ့အခါမှာ decision ကို အသုံးပြုရပါတယ်။ input တစ်ခု ဝင်ပြီးတော့ output မှာ YES,NO ဖြစ်ပါတယ်။ ဒါဖြစ်ခဲ့ရင် ဒါလုပ်။ မဟုတ်ခဲ့ရင် ဘာလုပ် စသည်အတွက် အသုံးပြုနိုင်ပါတယ်။

YESNO

တစ်ခါတစ်လေ တစ်ခုထက် မက ဖြစ်နိုင်တဲ့ အဖြေတွေ အတွက်လည်း အသုံးပြုပါတယ်။

MORE

Circle

Circle

Flow chat က အရမ်းရှည်သွားရင် သီးသန့် ဆွဲဖို့အတွက် circle ကို အသုံးပြုပါတယ်။ flow chart တစ်ခုနဲ့ တစ်ခုကို connect လုပ်ထားတယ်ဆိုတာကို ဖော်ပြထားသည့် သဘောပါ။ Circle အတွင်းမှာ နာမည်ပါဝင်ပါတယ်။

circleb

Input/Output

Input Output

User ဆီကနေ Data ကို လက်ခံတော့မယ်ဆိုရင်တော့ အနားပြိုင် စတုဂံ ကို အသုံးပြုပါတယ်။

Input Output

ပုံမှန် အခြေခံ အားဖြင့် Flow chart အတွက် ဒါလေးတွေ သိထားရင် လုံလောက်ပါတယ်။ ကျွန်တော်တို့ Example တွေ နဲ့ တချက်ကြည့်ရအောင်။

ref: http://www.rff.com/flowchart_shapes.htm

results matching ""

    No results matching ""