Sum

အခု ကျွန်တော်တို့တွေ user ဆီကနေ ကိန်း ၂ ခု ကို လက်ခံမယ်။ ပြီးရင် ပေါင်းမယ်။ ပေါင်းပြီး ရလာတဲ့ အဖြေကို ပြပေးမယ်။

sum

Flow chat ထဲမှာ ပြထားသလို လွယ်လွယ်လေးပါပဲ။

x = input("Enter first value : ")
y = input("Enter second value : ")
print("X + Y = ", x + y)

x = input("Enter first value : ") y = input("Enter second value : ") print("X + Y = ",x + y)

ဒီ code မှာ ဆိုရင် ကိန်း ၂ လုံးကို ပေါင်းပေမယ့် စာလုံး ၂ လုံး ပေါင်းတာဖြစ်နေတာ ကို တွေ့ရပါလိမ့်မယ်။ ဥပမာ ၅ နဲ့ ၆ ထည့်လိုက်ရင် ၅၆ ထွက်လာပါလိမ့်မယ်။

ကျွန်တော်တို့တွေ အနေနဲ့ နံပတ်ကို လက်ခံမယ်ဆိုတဲ့ အတွက်ကြောင့် အောက်ကလို ပြောင်းရေးပါတယ်။

x = input("Enter first value : ")
y = input("Enter second value : ")

try :
    x = int(x)
    y = int(y)

    print("X + Y = ",x + y)

except ValueError:
    print("Please enter number only")

x = input("Enter first value : ") y = input("Enter second value : ") try : x = int(x) y = int(y) print("X + Y = ",x + y) except ValueError: print("Please enter number only")

အခု code မှာ try , except ဆိုတာကို တွေ့ပါလိမ့်မယ်။ try ထဲမှာ Error တစ်ခုခု ဖြစ်တာနဲ့ except ကို ရောက်လာပါမယ်။ အခု code ထဲမှာ int ပြောင်းထားတဲ့ နေရာမှာပဲ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် except ValueError: ကို အသုံးပြုထားတာပါ။

results matching ""

    No results matching ""