Implementing A Queue

ကျွန်တော်တို့ Stack တစ်ခု ကို ဖန်တီးထားဖူးသည့် အတွက်ကြောင့် Queue တစ်ခု ဖန်တီးဖို့ မခက်ခဲလှပါဘူး။

pyqueue.py တစ်ခု ကို ဖန်တီးပြီး အောက်ပါ code ထည့်လိုက်ပါမယ်။

class Queue: def __init__(self): self.items = [] def isEmpty(self): return self.items == [] def enqueue(self, item): self.items.insert(0,item) def dequeue(self): return self.items.pop() def size(self): return len(self.items)

အခု ဖန်တီးထားတဲ့ class ကို စမ်းကြည့်ရအောင်။

pyqueue.py နဲ့ တစ်နေရာတည်းမှာ queuetest.py ကို ဖန်တီးပါမယ်။ အောက်ဖော်ပြပါ code ကို ထည့်ပြီး run ကြည့်ရအောင်။

from pyqueue import Queue q=Queue() q.enqueue(6) q.enqueue('cat') q.enqueue(True) print(q.size()) print(q.dequeue()) print(q.dequeue()) print(q.size())

3
6
cat
1

ဆိုပြီး ထွက်လာပါမယ်။ စုစုပေါင်း ၃ ခု ရှိပါတယ်။ ပထမဆုံးထည့်လိုက်သည့် value က 6 ဖြစ်သည့်အတွက် 6 ထွက်လာပါမယ်။ ဒုတိယ အကြိမ် က cat ဆိုပြီး ထွက်လာပါမယ်။ အခု အချိန်မှာတော့ queue တစ်ခု ပဲ ရှိပါတော့တယ်။

results matching ""

    No results matching ""