Xiaomi Quick Guide

How to identify a fake Xiaomi phone

အတု အစစ် စစ်နည်း

  • IMEI နံပတ် ဖြင့် စစ်ခြင်း
  • verification code ဖြင့် စစ်ခြင်း
  • App သွင်းပြီး စစ်ခြင်း

စသည့် နည်းများထဲမှ တနည်းနည်း စစ်ဆေးနိုင်ပါသည်။

Before unpacking: IMEI

plasic မခွာ ရသေးခင် Barcode ရှိ အဖြူရောင် sticker ပေါ်က IMEI နံပါတ်နဲ့ SN နံပါတ်တွဲပြီး http://order.mi.com/service/imei မှာ စစ်လို့ ရပါသည်။

IMEI သည် အတု လုပ်လို့ ရသည့် အတွက် packing ဖောက်ပြီးသားဖြစ်ပါက phone app ထဲတွင် ဖုန်းနံပတ် အစား အောက်ပါ code ကို နှိပ်ပြီး IMEI သိနိုင်ပါသည်။

 *#06#*

ဘူးခွံရှိ IMEI နှင့် SN တို့ဖြင့် တိုက်ပြီး စစ်ဆေးနိုင်ပါသည်။

Before (OR) After unpacking: Scode

MI အမှတ်တံဆိပ်ပါတဲ့ security sticker ပါမှ စစ်လို့ရပါမည်။ ဂဏန်းတွေကို ခဲအုပ်ထားလေ့ရှိပြီး အရင်ထွက်ခဲ့တဲ့အလုံးတွေမှာတော့ ခဲမအုပ်ထားပါဘူး။ ခဲမအုပ်ထားရင် ဒီအတိုင်းမြင်နေရတဲ့ဂဏန်းတွေကို စစ်ကြည့်လို့ရပြီး ခဲအုပ်ထားတဲ့အလုံးမျိုးဆိုရင်တော့ ပလပ်စတစ်ခွံခွာပြီး ခဲကိုခြစ်ပစ်လိုက်မှ စစ်လို့ရမှာပါ။

Scode

http://order.mi.com/service/scode တွင် သွားရောက် စစ်ဆေးနိုင်ပါသည်။

After switching on the device: Installing apk

http://en.miui.com/thread-29652-1-1.html တွင် အသေးစိတ် ဖော်ပြရေးပေးထားပါသည်။