Preload Multimedia
Web page မှာ multimedia file တွေကို preload ခေါ်လို့ရပါတယ်။ preload ဆိုတဲ့ သဘောကတော့ video ကို play သည်ဖြစ်စေ မဖြစ်စေ အလိုအလျောက် download ချထားပါလိမ့်မယ်။ အသုံးပြုသူ အနေနဲ့ video play လုပ်တဲ့ အခါမှာ စောင့်ထားနေ စရာ မလိုပါဘူး။
<!DOCTYPE html>
<html>
<head>
<title>Video</title>
</head>
<body>
<h1>Big Buck Bunny</h1>
<video src="movie.ogg" controls preload="auto">
Your browser does not support the video tag.
</video>
</body>
</html>
preload="auto" လေးထည့်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ web page ဟာ internet ပေါ်မှာ ဆိုရင် video ကို အလိုအလျာက် download ချပေးပါလိမ့်မယ်။