Control Line Spacing
စာတစ်ကြောင်းနဲ့ တစ်ကြောင်း အကွာအဝေးကို ညှိချင်တဲ့ အခါမှာတော့ line-height ကို အသုံးပြုရပါတယ်။ လက်ရှိ HTML က p tag နဲ့ ရေးထားတဲ့ စာတွေကို line spacing ပြောင်းကြည့်ရအောင်။
p {
text-indent: 20px;
line-height: 40px;
}
အထက်ပါ code မှာ line-height ကို 40px ပြောင်းလိုက်ပါတယ်။ ဒါကြောင့် စာကြောင်းတွေက ကျဲသွားတာကို တွေ့ရပါလိမ့်မယ်။
Figure 4-8