Add a Large Text Area
အကယ်၍ စာတစ်ကြောင်းတည်းမက data တွေကို ထည့်သွင်းစေလိုတယ်ဆိုရင်တော့ text box အစား textarea ကို အသုံးပြုဖို့လိုပါလိမ့်မယ်။
<!DOCTYPE html>
<html>
<head>
<title>Simple Form</title>
</head>
<body>
<form method="post" action="./post.php">
Enter your comment :
<br/>
<textarea name="comment" rows="5" cols="60" wrap="hard">Add your comment here</textarea>
</form>
</html>
Figure 8-6. Text Area
အဲဒီ code မှာ rows ကတော့ textarea ထဲမှာ စာ ဘယ်နှစ်ကြောင်းပြမလဲ နောက်ပြီး cols ကတော့ textarea အကျယ်ကို စာလုံး အရေအတွက် ဘယ်လောက်ဖော်ပြမလဲကို ဆိုလိုပါတယ်။ wrap ကတော့ ၃ မျိုးရှိပါတယ်။
soft
wrap ကတော့ text area ထဲမှာ စာကြောင်း ဖြတ်ပေးပေမယ့် data ကို server ဆီကို ပို့တဲ့ အခါမှာ မဖြတ်ပါဘူး။
hard
wrap ကတော့ textarea ကော form data ၂ ခုလုံးမှာ ဖြတ်ပါတယ်။
off
ကတော့ စာကြောင်း မဖြတ်ပေးတော့ပါဘူး။ line break ကို သုံးစွဲသူ ကိုယ်တိုင် enter ခေါက်မှသာ line break လုပ်ပေးပါလိမ့်မယ်။
Figure 8-7. Hard Wrap
Figure 8-8. Off Wrap
တကယ်လို့ အသုံးပြုသူကို စာရိုက်ထည့်ခွင့် မပေးချင်ရင်တော့ readonly
attribute ကို အသုံးပြုနိုင်ပါတယ်။
<textarea cols="20" rows="5" wrap="hard" readonly="yes">
ပုံမှန် textarea ပါပဲ။ သို့ပေမယ့် စာရိုက်ထည့်လို့ မရပါဘူး။