Chapter 2: Resume
Resume လို့ ခေါ်သလို CV လို့လည်း ခေါ်ကြပါတယ်။ အလုပ်ရှာတော့မယ် ဆိုရင် မဖြစ်မနေ Resume ကို ပြင်ရပါတယ်။ အလုပ်ခေါ်သည့် အခါမှာ တချို့ တွေက ဘာ experience မှ မပါပဲ အပြင်မှာ CV form ဝယ်ပြီး ဖြည့်ပြီး ပို့လိုက်တာ ရှိသလို လုပ်ခဲ့သမျှ အသေးစိတ်ကို စာမျက်နှာတွေ အများကြီး နဲ့တင်ထားတာလည်း ရှိပါတယ်။
Resume မှာ အဓိက အားဖြင့် သိချင်တာကတော့ လက်ရှိ လိုအပ်နေသည့် နေရာအတွက် ကိုက်မကိုက် အဓိက ကျပါတယ်။ ရုံးမှာ လိုတာက Laravel ဖြစ်ပြီး ကိုယ်က C# လျှောက်ရင်တော့ အလုပ်ရမှာ မဟုတ်တာ သေချာ သလောက်ပါပဲ။ နောက်ပြီး တွေ့သမျှ အကုန် လျှောက်ခဲ့လို့ အလုပ် ရခဲ့ရင်တောင် ကိုယ်ရချင်သည့် အလုပ်မဟုတ်ရင် ပျော်မှာ မဟုတ်ပါဘူး။ ဥပမာ ကိုယ်က Mobile App Development လုပ်ချင်ပေမယ့် ရသည့် အခါမှာတော့ web development ဖြစ်နေ မျိုးပေါ့။
Resume မှာက ဖြစ်နိုင်ရင် ၁ မျက်နှာတည်း လိုအပ်တာ ဖော်ပြထားနိုင်ရင် အကောင်းဆုံးပါ။ Resume တစ်ခု မှာ ပါသင့်သည့် အချက်တွေကတော့
- Name
- Date of Birth
- Address
- Phone Number
- Website
- Email Address
- Social Network (Twitter, Github, LinkedIn)
- Profile/Objectives
- Work Experience (Companies)
- Education
- Projects
- Awards
- Certifications
- Skills
- Hobbies
- Languages
စတာတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ၁ မျက်နှာတည်း အများဆုံး ၂ မျက်နှာလောက်ပဲ ရှိသင့်ပါတယ်။ Email ကတော့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေ အများစုဟာ email မသုံးကြပါဘူး။ messenger, viber စသည် ဖြင့် အဓိက သုံးပါတယ်။ အလုပ်လျောက်သည့် အခါမှာတော့ Email က အဓိက ကျပါတယ်။ ပုံမှန် email လည်း စစ်ဖို့ လိုအပ်ပါတယ်။
Social Network ဆိုသည့်အပိုင်းမှာလည်း Facebook ထက် twitter, github, LinkedIn လိုမျိုး personal မဟုတ်ပဲ အလုပ်နဲ့ သက်ဆိုင်ရာ ကိုသာ ထည့်သွင်းသင့်ပါတယ်။ အလုပ်ခေါ်သည့် အခါမှာ Twitter ဆိုရင် ဘယ် developer တွေကို follow လိုက်ထားသလဲ github ဆိုရင် code တွေကို လေ့လာကြည့်ဖို့နဲ့ လက်ရှိ skill က ဘယ်လောက်ရှိတယ် ဘာတွေ တတ်သလဲ ဆိုတာကို တစ်ခါတည်း လေ့လာနိုင်ပါတယ်။ LinkedIn ကတော့ ကိုယ့် အလုပ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေကို သိသလဲ ဘယ်သူတွေက ကိုယ့်ကို recommend လုပ်ထားလဲ ဆိုတာကို ကြည့်ဖို့ အတွက်ပါ။
Profile/Objectives ကတော့ မိမိ အကြောင်း အကျဥ်းချုပ်သဘောနဲ့ ဘာကြောင့် အခုလျောက်သည့် position ဟာ ကိုယ် နဲ့ သင့်တော်တယ် ဆိုတာကို ရေးသားရသည့် အပိုင်းပါ။
Work Expereince ကတော့ ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ် အထိ ဘယ် company တွေမှာ လုပ်ခဲ့လဲ ဆိုတာကို ဖော်ပြဖို့ပါ။ ဘယ် postion မှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ အကျဥ်းအားဖြင့် ဖော်ပြထားဖို့ လိုပါတယ်။
Education ကတော့ ကိုယ်တက်ခဲ့သည့် တက္ကသိုလ် ရခဲ့သည့် ဘွဲ့တွေကို ဖော်ပြထားဖို့ပါ။
Projects ကတော့ ကိုယ်လုပ်ခဲ့ဖူးသည့် projects တွေပေါ့။ ပုံမှန် အားဖြင့် open sources project တွေ နောက်ပြီး လုပ်ခဲ့သည့် ရုံးက တရားဝင်ဖော်ပြခွင့် ရှိသည့် project တွေသာ ဖော်ပြသင့်ပါတယ်။ ဥပမာ ကိုယ်လုပ်ခဲ့သည့် ရုံးက client အတွက် ရေးသားထားသည့် project ဖြစ်ပြီးတော့ ရုံးကနေ ရေးသားခဲ့သည် ဆိုတာကို ဖော်ပြခွင့် မရှိသည့် project မျိုးတွေကို မရေးသား သင့်ပါဘူး။
Awards , Certifications ကတော့ ကိုယ်ရခဲ့ဘူးသည့် ဆုတွေ certificate တွေကို ဖော်ပြဖို့ပါ။ ဥပမာ AWS Certified Solutions Architect လို့ ဖော်ပြထားရင် ကိုယ် AWS ကိုယ်တကယ် သိတယ် ဆိုတာကို ဖော်ပြထားရာလည်း ရောက်ပါတယ်။
Hobbies, Languages တွေကတော့ ရှင်းပြဖို့ မလိုပါဘူး။
Resume အတွက်
လိုမျိုး template ရှိပြီးသား data ထည့်သွင်း ဖို့ လိုသည့် စနစ်တွေ အသုံးပြုသင့်ပါတယ်။
Microsoft Words, Google Docs တို့ ထက် ယှဥ်ရင် ပိုပြီးတော့ ဆွဲဆောင်မှု ရှိပါလိမ့်မယ်။