မိတ်ဆက်

Developer စာအုပ်ဟာ Developer တစ်ယောက်ဖြစ်ဖို့ အတွက် ဘယ်ကနေ စရမလဲ ဆိုသူတွေ အတွက် Developer တစ်ယောက် ဖြစ်ဖို့ ဘာတွေ လေ့လာရမလဲ လုပ်ငန်းခွင်ဝင်သည့် အခါမှာ အဆင်သင့်ဖြစ်အောင် ဘာတွေ သိထားဖို့လိုလဲ ဘာတွေ ပြင်ဆင်ထားဖို့ လိုလဲ ဆိုသူတွေအတွက် အဓိက ထားပြီး ရေးထားပါတယ်။​ အထူးသဖြင့် ကွန်ပျူတာ တက္ကသိုလ် တက်ပြီးနောက် ဘာတွေ ဆက်လုပ်ရမလဲ ဆိုသူတွေ အတွက် ပိုသင့်သော်ပါလိမ့်မယ်။

Chapter 1: Roadmap

Developer တစ်ယောက်မဖြစ်ခင်မှာ ကိုယ်ဘယ်လမ်းကြောင်း ကို သွားမယ်ဆိုတာ အရေးကြီးပါတယ်။ Developer တစ်ယောက် မဖြစ်ခင်မှာ ဦးစွာ လေ့လာဖို့တွေကတော့ Programming ပါ။

ပထမ အဆင့်

ပထမ အဆင့် အနေနဲ့ လေ့လာဖို့ကတော့

  • Programming Basic
  • HTML
  • CSS
  • JavaScript
  • JQuery

စသည်တို့ကို ပထမ အဆင့်အနေနဲ့ လေ့လာရပါမယ်။ Web Developer မလုပ်ဘူးဆိုပေမယ့် နည်းပညာလောကထဲမှာ ရှိမယ် ရေရှည်နေမယ် ဆိုရင်တော့ ဒီ ပထမ အဆင့် အကုန် လေ့လာဖို့ လိုတယ်။

ဒုတိယ အဆင့်

ဒုတိယ အဆင့်အနေနဲ့ကတော့

  • Object-oriented programming (OOP)
  • Database (SQL)
  • JSON, XML , YML
  • API (RESTful, GraphQL)

လက်ရှိ programming တွေ အားလုံး နဲ့ မကင်းတာကတော့ ​Object-oriented programming လို့ ခေါ်သည့် OOP ပါ။

အများအားဖြင့် OOP ကို သိရုံ လောက် လေ့လာပြီးတော့ လုပ်ငန်းခွင် ဝင်ကြတာ များပါတယ်။ OOP ကို သေချာ နားလည် နေဖို့လိုတယ်။ လက်ရှိ လုပ်ငန်းခွင့်မှာ စီနီယာ တွေဟာ OOP ကို သေသေချာချာ သုံးထားပြီး ကိုယ်နားမလည်ရင် ပြဿနာ တွေဖြစ်ကုန်နိုင်ပါတယ်။ ဒီ code ကို ဘယ်လို ခေါ်လိုက်လို့ ဘယ်လိုဖြစ်သွားတယ် မသိ ဆိုသည့် magic code တွေ တွေ့နေရပါလိမ့်မယ်။

Database ပိုင်းမှာတော့ လေ့လာဖို့တွေက အရမ်းများတယ်။ ဒါပေမယ့် အဓိက ကျသည့် SQL ကို တော့ မဖြစ်မနေ လေ့လာရပါမယ်။ SQL ကို လေ့လာထားပြီးရင်တော့ MS SQL ဖြစ်ဖြစ် MySQL ဖြစ်ဖြစ် လေ့လာရတာ အဆင်ပြေပါလိမ့်မယ်။ Database ကတော့ data တွေကို ထိန်းသိမ်းပေးပြီး လိုအပ်သည့် data တွေကို ရှာဖွေ ပေးပါတယ်။ Developer တိုင်းမ ဖြစ်မနေ သိရမည့် အပိုင်း တစ်ခုပါ။

SELECT name, age from students;

အထက်ပါ code က database ရဲ့ students table ထဲက name နှင့် age ကို ဆွဲထုတ်ထားသည့် ပုံစံပါ။

JSON, XML, YML တွေကတော့ programmer တိုင်း မဖြစ် မနေ သိသင့်သည့် text format တွေပါ။

JSON (JavaScript Object Notation) တွေကို Restful API တွေ မှာ မဖြစ်မနေ သုံးကြပါတယ်။ ရိုးရှင်းလွယ်ကူပြီးတော့ programming language တော်တော်များများမှာ ပါဝင်ပြီးသား ဖြစ်လို့ပါ။

{
	"name" : "Mg Mg",
	"age" : 23,
	"teacher" : false
}

အပေါ်က example မှာ ဆိုရင်တော့ ကြည့်လိုက်တာနဲ့ Mg Mg ရဲ့ information ဆိုတာကို သိနိုင်ပါတယ်။ JSON ကနေ Dictionary ကို programming language တိုင်းမှာ လွယ်လင့်တကူ ပြောင်းနိုင်သည့် အတွက် လူသုံးများပါတယ်။

XML ကတော့ အရင်က JSON popular မဖြစ်ခင် နှင့် Restful popular မဖြစ်ခင်တုန်းက SOAP တွေကို API အတွက် အသုံးများကြပါတယ်။ အဲဒီ အချိန်တုန်းကတော့ XML က မသိမဖြစ်ပါပဲ။

HTML ကတော့ Hypertext Markup Language (HTML) ဖြစ်ပြီး XML ကတော့ Extensible Markup Language (XML) ဖြစ်ပါတယ်။ HTML , XML က ရေးသားသည့် ပုံစံ တူညီ ကြပါတယ်။

<person teacher=false>
	<name>Mg Mg</name>
	<age>23</age>
</person>

JSON လိုမျိုး ဖြစ်ပေမယ့် XML က attribute , node value စတာတွေ အပြင် Document Object Model (DOM) နဲ့ သုံးရသည့် အတွက်ကြောင့် programming လေ့လာကာစ junior တွေ အတွက် အခက်အခဲ ဖြစ်တတ်ပါတယ်။

YAML ကတော့ နောက်ပိုင်းမှာ config file ပုံစံနဲ့ လူသုံးများလာပါတယ်။ API request response တွေမှာ ထက် config ပုံစံတွေအတွက် ပိုအဆင်ပြေပါတယ်။ YAML ရဲ့ အရှည်ကောက်ကတော့ နည်းနည်းဆန်းတယ်။ YAML Ain't Markup Language က YAML ရဲ့ အရှည်နာမည်ပါ။

name: Mg Mg
age: 23
teacher: false

တတိယ အဆင့်

တတိယ အဆင့်မှာတော့ ရွေးချယ်ခြင်းပါ။

  • Web Development
  • Mobile App Development
  • App Development for OS (Windows/Linux/Mac)

ဒီအဆင့်ဟာ Developer တွေ အတွက် အရေးကြီး ဆုံးအဆင့်ပါပဲ။ ကိုယ်က ဘာလုပ်ချင်လဲ ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒီ အပိုင်းတွေထဲကမှ လိုင်းကြောင်း တစ်ခုကို ပိုင်ပိုင် နိုင်နိုင် ရွေးချယ်သွားဖို့က လိုအပ်ပါတယ်။

Web Development

Web Development ပိုင်းကို လေ့လာမယ်ဆိုရင် ၂ ပိုင်း ထပ် ကွဲပါသေးတယ်။

  • Frontend
  • Backend

ဆိုပြီး ၂ ပိုင်း ကွာခြားပါတယ်။ ပုံမှန် အားဖြင့် frontend ကော backend ၂ ခု လုံး လုပ်ကြသည့် developer တွေ အများကြီးရှိပါတယ်။ တချို့တွေကတော့ database ပိုင်းမှာ အားနည်း ပေမယ့် UI/UX လှလှပပ နှင့် လူတွေ လွယ်ကူစွာ အသုံးပြုနိုင်အောင် ဖန်တီးနိုင်ခြင်း ၊​ React JS, Vue JS လိုမျိုး framework တွေ နဲ့ ရေးသားရတာ ပို အသားကျခြင်း တို့ကြောင့် front end developer ပိုင်း ကို လုပ်ကြပါတယ်။

Backend ပိုင်းမှာတော့ database query တွေ ရေးခြင်း နှင့် အဓိက system တစ်ခုလုံးရဲ့ logic ပိုင်းဆိုင်ရာတွေကို ဖန်တီးခြင်း တို့ကို ပြုလုပ်ကြပါတယ်။ Backend ပိုင်းဟာ ရှုပ်ထွေးလှသည့် business logic တွေ နဲ့ database query တွေကို front end အတွက် ထုတ်ပေးရပါတယ်။

ပုံမှန် အားဖြင့် front end, backend မခွဲပဲနှင့်လည်း website တွေကို ရေးကြသည့် developer တွေ ရှိပါတယ်။ Web Developer တစ်ယောက် အနေနဲ့ ပထမဆုံး အနေနဲ့ front end ပိုင်း ကော backend ပိုင်းကော လေ့လာထားဖို့ လိုအပ်ပါတယ်။ ပြီးမှသာ ဘယ်အပိုင်း ကိုယ်အားသန်တယ် ဆိုတာကို ဆုံးဖြတ်ဖို့ လိုပါတယ်။

Web Development ပိုင်းမှာ ထပ်ပြီး ခွဲရရင် backend ပိုင်းမပါပဲ database တွေ မပါပဲ သာမာန် သမာရိုးကျ company website, အသင်းအဖွဲ့ website ဖန်တီးသည့် website development လည်း ရှိပါတယ်။ အဓိက front end ပိုင်းပဲ ပါပြီးတော့ website ကနေ information ပေးဖို့ အတွက် ရေးဆွဲကြပါတယ်။

Web App တွေကတော့ front end , backend ၂ ခု လုံး ပါဝင် ရေးဆွဲဖို့လိုပါတယ်။ Backend ကနေ Front end လိုသည့် data တွေကို Restful API မှ တဆင့် JSON စတာတွေ နဲ့ ပေါင်းကူးထားပေးပါတယ်။ ဒါကြောင့် Restful ဆိုတာ ဘာလဲ JSON ဆိုတာ ဘာလဲ ဆိုတာကို မဖြစ်မနေ လေ့လာထားသင့်ပါတယ်။

Mobile App Development

Mobile App Development ဆိုတာနဲ့ iOS , Android App ဖန်တီးဖို့ကို တွေးမြင်ကြပါလိမ့်မယ်။

iOS App ကို development လုပ်ဖို့ အတွက် Mac OS, Xcode လိုအပ်ပါတယ်။ Language ကတော့ Swift language နဲ့ ရေးသားရပါတယ်။ အရင်တုန်းကတော့ Objective-C နဲ့ ရေးသားပါတယ်။ တချို့ library တွေက အခု ထက်ထိ objective-c နဲ့ ရေးသားထားတာတွေ ရှိပါသေးတယ်။

Android App အတွက် Kotlin နှင့် နောက်ပိုင်း ရေးသားကြပါတယ်။ အရင်ကတော့ Java နဲ့ ရေးသားပါတယ်။ တချို့ code တွေကတော့ Java နဲ့ ရေးသားထားတာတွေ ရှိပါသေးတယ်။

Cross Platform ဆိုတာကတော့ iOS , Android အတွက် တစ်ခါတည်း ရေးပြီးတော့ platform နှစ်ခုလုံးမှာ run လို့ရအောင် ရေးသားလို့ရပါတယ်။​ Cross platform အတွက်က react native နှင့် flutter ကို အသုံးများပါတယ်။​ အဓိက native မဟုတ်ပဲ​ web view နဲ့ ရေးကြတာတွေလည်း ရှိပါတယ်။ Ionic က web developer အတွက် native နဲ့ မဟုတ်ပဲ JavaScript နဲ့ ရေးသားကြပါတယ်။ Web အတွက် အဓိက ပြဿနာကတော့ performance က native လောက် မကောင်းတာပါ။ လက်ရှိ မှာကတော့ flutter က native လိုမျိုး performance ကောင်းပါတယ်။

React Native က React JS တတ်ကျွမ်းသည့် သူတိုင်း လွယ်လင့်တကူ ရေးသားနိုင်ပါတယ်။​ React JS သမားတွေ အတွက် Mobile App ကို ရေးချင်သည့် အခါ React Native က ရွေးချယ်စရာ ပါ။​ ရေးသားပုံ စဉ်းစားပုံ အတူတူပဲ​ ဖြစ်သည့်အတွက်ကြောင့် လေ့လာရမှာ လွယ်ကူစေပါတယ်။

Flutter က Dart ကို အသုံးပြုပြီး ရေးသားရပါတယ်။ နောက်ပိုင်းမှာ flutter ကို လူသုံးများလာပါတယ်။ အဓိကတော့ community အားကောင်းပြီးတော့ react native နဲ့ ယှဥ်ရင် performance ပိုကောင်းတယ်လို့ ယုံကြည်ကြလို့ပါ။ Flutter ဟာ React Native နဲ့ ယှဥ်ရင် memory လည်း ပိုမိုသက်သာပါတယ်။

အဓိကတော့ ဘယ် platform က ကိုယ့်အတွက် အဆင်ပြေမယ် ဆိုတာကို ကိုယ်တိုင်လေ့လာပြီး ရွေးချယ်တာ ပိုအဆင်ပြေပါတယ်။

အခြား

နည်းပညာမှာ လေ့လာဖို့က အများကြီးပါ။ Developer တစ်ယောက် အနေနဲ့က လေ့လာမူကို ရပ်ထားလိုက်လို့မရပါဘူး။ သို့ပေမယ့်လည်း အကုန်လုံးကို လေ့လာနေဖို့ အချိန်လည်း မရှိပါဘူး။ ဒါကြောင့် ဝါသနာပါသည့် လမ်းကြောင်းကို ကျွမ်းကျင်အောင်သွားပါ။ ပြီးမှ အခြား လမ်းကြောင်းတွေကို သိအောင်လေ့လာထားဖို့ လိုပါတယ်။

Chapter 2: Resume

Resume လို့ ခေါ်သလို CV လို့လည်း ခေါ်ကြပါတယ်။ အလုပ်ရှာတော့မယ် ဆိုရင် မဖြစ်မနေ Resume ကို ပြင်ရပါတယ်။ အလုပ်ခေါ်သည့် အခါမှာ တချို့ တွေက ဘာ experience မှ မပါပဲ အပြင်မှာ CV form ဝယ်ပြီး ဖြည့်ပြီး ပို့လိုက်တာ ရှိသလို လုပ်ခဲ့သမျှ အသေးစိတ်ကို စာမျက်နှာတွေ အများကြီး နဲ့တင်ထားတာလည်း ရှိပါတယ်။

Resume မှာ အဓိက အားဖြင့် သိချင်တာကတော့ လက်ရှိ လိုအပ်နေသည့် နေရာအတွက် ကိုက်မကိုက် အဓိက ကျပါတယ်။ ရုံးမှာ လိုတာက Laravel ဖြစ်ပြီး ကိုယ်က C# လျှောက်ရင်တော့ အလုပ်ရမှာ မဟုတ်တာ သေချာ သလောက်ပါပဲ။ နောက်ပြီး တွေ့သမျှ အကုန် လျှောက်ခဲ့လို့ အလုပ် ရခဲ့ရင်တောင် ကိုယ်ရချင်သည့် အလုပ်မဟုတ်ရင် ပျော်မှာ မဟုတ်ပါဘူး။ ဥပမာ ကိုယ်က Mobile App Development လုပ်ချင်ပေမယ့် ရသည့် အခါမှာတော့ web development ဖြစ်နေ မျိုးပေါ့။

Resume မှာက ဖြစ်နိုင်ရင် ၁ မျက်နှာတည်း လိုအပ်တာ ဖော်ပြထားနိုင်ရင် အကောင်းဆုံးပါ။ Resume တစ်ခု မှာ ပါသင့်သည့် အချက်တွေကတော့

  • Name
  • Date of Birth
  • Address
  • Phone Number
  • Website
  • Email Address
  • Social Network (Twitter, Github, LinkedIn)
  • Profile/Objectives
  • Work Experience (Companies)
  • Education
  • Projects
  • Awards
  • Certifications
  • Skills
  • Hobbies
  • Languages

စတာတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ၁ မျက်နှာတည်း အများဆုံး ၂ မျက်နှာလောက်ပဲ ရှိသင့်ပါတယ်။ Email ကတော့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေ အများစုဟာ email မသုံးကြပါဘူး။ messenger, viber စသည် ဖြင့် အဓိက သုံးပါတယ်။ အလုပ်လျောက်သည့် အခါမှာတော့ Email က အဓိက ကျပါတယ်။ ပုံမှန် email လည်း စစ်ဖို့ လိုအပ်ပါတယ်။

Social Network ဆိုသည့်အပိုင်းမှာလည်း Facebook ထက် twitter, github, LinkedIn လိုမျိုး personal မဟုတ်ပဲ အလုပ်နဲ့ သက်ဆိုင်ရာ ကိုသာ ထည့်သွင်းသင့်ပါတယ်။ အလုပ်ခေါ်သည့် အခါမှာ Twitter ဆိုရင် ဘယ် developer တွေကို follow လိုက်ထားသလဲ github ဆိုရင် code တွေကို လေ့လာကြည့်ဖို့နဲ့ လက်ရှိ skill က ဘယ်လောက်ရှိတယ် ဘာတွေ တတ်သလဲ ဆိုတာကို တစ်ခါတည်း လေ့လာနိုင်ပါတယ်။ LinkedIn ကတော့ ကိုယ့် အလုပ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေကို သိသလဲ ဘယ်သူတွေက ကိုယ့်ကို recommend လုပ်ထားလဲ ဆိုတာကို ကြည့်ဖို့ အတွက်ပါ။

Profile/Objectives ကတော့ မိမိ အကြောင်း အကျဥ်းချုပ်သဘောနဲ့ ဘာကြောင့် အခုလျောက်သည့် position ဟာ ကိုယ် နဲ့ သင့်တော်တယ် ဆိုတာကို ရေးသားရသည့် အပိုင်းပါ။

Work Expereince ကတော့ ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ် အထိ ဘယ် company တွေမှာ လုပ်ခဲ့လဲ ဆိုတာကို ဖော်ပြဖို့ပါ။ ဘယ် postion မှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ အကျဥ်းအားဖြင့် ဖော်ပြထားဖို့ လိုပါတယ်။

Education ကတော့ ကိုယ်တက်ခဲ့သည့် တက္ကသိုလ် ရခဲ့သည့် ဘွဲ့တွေကို ဖော်ပြထားဖို့ပါ။

Projects ကတော့ ကိုယ်လုပ်ခဲ့ဖူးသည့် projects တွေပေါ့။ ပုံမှန် အားဖြင့် open sources project တွေ နောက်ပြီး လုပ်ခဲ့သည့် ရုံးက တရားဝင်ဖော်ပြခွင့် ရှိသည့် project တွေသာ ဖော်ပြသင့်ပါတယ်။ ဥပမာ ကိုယ်လုပ်ခဲ့သည့် ရုံးက client အတွက် ရေးသားထားသည့် ​project ဖြစ်ပြီးတော့ ရုံးကနေ ရေးသားခဲ့သည် ဆိုတာကို ဖော်ပြခွင့် မရှိသည့် project မျိုးတွေကို မရေးသား သင့်ပါဘူး။

Awards , Certifications ကတော့ ကိုယ်ရခဲ့ဘူးသည့် ဆုတွေ certificate တွေကို ဖော်ပြဖို့ပါ။ ဥပမာ AWS Certified Solutions Architect လို့ ဖော်ပြထားရင် ကိုယ် AWS ကိုယ်တကယ် သိတယ် ဆိုတာကို ဖော်ပြထားရာလည်း ရောက်ပါတယ်။

Hobbies, Languages တွေကတော့ ရှင်းပြဖို့ မလိုပါဘူး။

Resume အတွက်

လိုမျိုး template ရှိပြီးသား data ထည့်သွင်း ဖို့ လိုသည့် စနစ်တွေ အသုံးပြုသင့်ပါတယ်။

Microsoft Words, Google Docs တို့ ထက် ယှဥ်ရင် ပိုပြီးတော့ ဆွဲဆောင်မှု ရှိပါလိမ့်မယ်။

Chapter 3: Markdown

Markdown ကတော့ lightweight markup language တစ်ခု ဖြစ်ပြီး John Gruber နှင့် Aaron Swartz က ၂၀၀၄ မှာ ဖန်တီးခဲ့တာပါ။ Markdown ဟာ blog, forum , documentation, readme စတာတွေကို လွယ်လင့်တကူ ရေးသားနိုင်အောင် ကူညီပေးသည့် markup language တစ်ခုပါ။

Developer တစ်ယောက် အနနဲ့ မဖြစ်မနေ Markdown ကို သိထားသင့်တယ်။ Markdown ရဲ့ အားသာချက်က HTML ကို လွယ်လင့် တကူ ပြန်ပြောင်းနိုင်တာပါ။ ပုံမှန် HTML နဲ့ ရေးသည့် အခါမှာ စာတွေ အများကြီး ရေးရပေမယ့် Markdown က ရေးရတာ လျော့ချပေးတယ်။ အခု စာအုပ်ဟာလည်း Markdown နဲ့ ရေးသားထားပြီးတော့ HTML, PDF,Epub တို့ကို ပြန်ထုတ်ထားတာပါ။

Example markdown လေးကို ကြည့်ရအောင်

# Header
## Header 2

This is paragrapth with **bold** and *italic*.

[Link](https://www.google.com) to Google.

![Sample](./images/file.png)

အဲဒီ code ကို HTML ပြန်ပြောင်းလိုက်ရင် အောက်ပါ လို မြင်ရပါလိမ့်မယ်။

<h1>Header</h1>

<h2>Header 2</h2>

<p>This is paragrapth with <strong>bold</strong> and <em>italic</em>.</p>

<p><a href="https://www.google.com">Link</a> to Google.</p>

<img src="./images/file.png" alt="Sample" />

ဆိုပြီး ထွက်လာပါမယ်။ ပုံမှန် HTML ရေးနေတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ရေးလို့ရသည့် အတွက် document တွေ ရေးသည့် အခါမှာ အသုံးဝင်ပါတယ်။ Github, Gitlab တို့မှာ README.md ဆိုသည့် text file ကို HTML အနေနဲ့ repo ရဲ့ README အနေနဲ့ ဖော်ပြပေးပါတယ်။ ဒါကြောင့် Git Repo တွေမှာ README.md ကို ထည့်သွင်းပြီး markdown နဲ့ ရေးသားပါတယ်။

Syntax

Header

Markdown မှာ header အတွက်

# This is an H1

## This is an H2

### This is an H3

###### This is an H6

နောက်ပြီးတော့

This is H1
==========

This is H2
----------

ဆိုပြီးလည်း သုံးနိုင်ပါတယ်။

Blockquotes

Markdown မှာ blockquote အတွက် > ကို အသုံးပြုပြီး ရေးပါတယ်။

> This is a blockquote with two paragraphs. Lorem ipsum dolor sit amet,
> consectetuer adipiscing elit. Aliquam hendrerit mi posuere lectus.
> Vestibulum enim wisi, viverra nec, fringilla in, laoreet vitae, risus.
> 
> Donec sit amet nisl. Aliquam semper ipsum sit amet velit. Suspendisse
> id sem consectetuer libero luctus adipiscing.

အဲဒီလို စာဆိုရင်တော့

This is a blockquote with two paragraphs. Lorem ipsum dolor sit amet, consectetuer adipiscing elit. Aliquam hendrerit mi posuere lectus. Vestibulum enim wisi, viverra nec, fringilla in, laoreet vitae, risus.

Donec sit amet nisl. Aliquam semper ipsum sit amet velit. Suspendisse id sem consectetuer libero luctus adipiscing.

အခုလိုမျိုး paragraph အထဲကို ဝင်သွားသည့် ပုံစံ မျိုးကို မြင်ရပါလိမ့်မယ်။ Multiple level အတွက် > > ကို အသုံးပြုနိုင်ပါတယ်။

> This is the first level of quoting.
>
> > This is nested blockquote.
>
> Back to the first level.

ဆိုရင်တော့

This is the first level of quoting.

This is nested blockquote.

Back to the first level.

လိုမျိုး မြင်ရမှာပါ။

List

List အတွက် markdown မှာ လွယ်လွယ်ကူကူ ရေးနိုင်ပါတယ်။ Unorder list အတွက်

* Red
* Green
* Blue
+ Red
+ Green
+ Blue
- Red
- Green
- Blue

* , + , - ကြိုက်တာကို အသုံးပြုနိုင်ပါတယ်။​

  • Red
  • Green
  • Blue

ဆိုပြီး unorder list နဲ့ ပြပေးပါလိမ့်မယ်။

Ordered list အတွက်

1.  Bird
2.  McHale
3.  Parish

ဆိုပြီး ရေးနိုင်ပါတယ်။

*   Bird
*   Magic

ဆိုသည့် list ဟာ

<ul>
<li>Bird</li>
<li>Magic</li>
</ul>

Code Blocks

Markdown မှာ အကြိုက်ဆုံး feature တစ်ခုကတော့ code blocks ပါပဲ။ ပုံမှန် code ရေးသည့်အခါမှာ HTML မှာ pre tag တွေ နဲ့ အသုံးပြုရပေမယ့် markdown မှာတော့ လွယ်ကူပါတယ်။

This is normal paragraph:
	This is code block

အခုလိုမျိုး tab ကိုထည့်လိုက်ရင်

<p>This is a normal paragraph:</p>

<pre><code>This is a code block.
</code></pre>

ဆိုပြီး generate လုပ်ပါလိမ့်မယ်။

နောက်တစ်မျိုးကတော့

```php
	<?php
		echo "hello";
```

အဲဒီမှာ code အတွက် ` ကို သုံးထားတာ တွေ့နိုင်ပါတယ်။ ``` ဟာ code block ကို ရည်ညွှန်းပါတယ်။

```php ဆိုရင်တော့ php code block ဖြစ်တယ် ဆိုပြီး ရည်ညွှန်းထားတာပါ။

အဲဒီ code ကို html ပြောင်းရင်တော့

<pre><code class="php">        &lt;?php
            echo &quot;hello&quot;;
</code></pre>

ဆိုပြီး ပြောင်းသွားပါမယ်။

အကယ်၍ code ကို echo လိုမျိုး inline မှာ သုံးချင်ရင်တော့ `echo` ဆိုပြီး သုံးနိုင်ပါတယ်။ <code>echo</code> အနေနဲ့ generate လုပ်ပေးပါလိမ့်မယ်။

Horizontal Rules

Markdown မှာ <hr> ကို အသုံးပြုချင်ရင် *** ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်တာတွေ ကတော့

***
---
-----------

စတာတွေ ကို အသုံးပြုနိုင်ပါတယ်။

Links

HTML မှာလိုမျိုး URL ကို ချိတ်ချင်သည့် အခါမှာ <a href='link'>TEXT</a> လိုမျိုး အတွက် Markdown မှာ အောက်ပါအတိုင်း ရေးနိုင်ပါတယ်။

This is [Text](http://example.com/) inline link.

အကယ်၍ tooltip ပေါ်ချင်သည့် အခါမှာ

[Text](http://example.com/ "HELLO World")

ပုံစံ ရေးနိုင်ပါတယ်။

အဲဒီ အခါမှာတော့

<a href="http://example.com/" title="HELLO WORLD">Text</a>

Bold and Italic

အထက်မှာ ပြောထားခဲ့ဖူးပါတယ်။ Bold အတွက်ကတော့

**bold**

ဆိုရင်

<b>bold</b>

ဆိုပြီး ပြောင်းပေးပါတယ်။

_italic_

ဆိုရင်

<i>italic</i>

Images

Markdown မှာ ပုံထည့်မယ် ဆိုရင်အောက်ပါ အတိုင်း ထည့်နိုင် ပါတယ်။

![Alt text](/path/to/img.jpg)

![Alt text](/path/to/img.jpg "Optional title")

ဆိုရင်

<img src="/path/to/img.jpg" alt="Alt text"/>

<img src="/path/to/img.jpg" alt="Alt text" title="Optional title" />

အကယ်၍ internet က url အသုံးပြုမယ်ဆိုရင်

![Alt text](http://www.mywebsite.com/myimage.jpg)

ဆိုရင်

<img src="http://www.mywebsite.com/myimage.jpg" alt="Alt text" />

Tool

Markdown ကို ပုံမှန် text editor တစ်ခုခု နဲ့ ရေးရင် ရပါတယ်။​ သို့ပေမယ့် syntax highlighitng, (HTML, PDF, Doc) စသည် တို့ကို export လုပ်လို့ ရအောင် editor တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

Editor တွေကတော့

EditorSyntax HighlightPreviewExport PDFExport DocExport HTML
VS CodeOOPluginPluginPlugin
iA Writer (Mac)OOOOO
TyporaOOOOO
MarkdownPad (Windows)OOOxO
markdownmonster (Windows)OOOxO
Apostrophe (linux)OOxxO

အခု ဆိုရင်တော့ Markdown ကို သုံးပြီးတော့ README.md file ကို ရေးနိုင်ပါလိမ့်မယ်။