Understanding JavaScript

Javascript ကို web page မှာ dynamic effect တွေ ဖြစ်အောင် ဖန်တီးဖို့ အသုံးချကြပါတယ်။ HTML page ဟာ javascript နဲ့ ပေါင်းလိုက်တဲ့အခါမှာ ပုံမှန် သမာရိုးကျ HTML ထက် ပိုပြီး ထူးခြားတဲ့ ပုံစံကို ဖန်တီးနိုင်ပါတယ်။ javascript ကို အသုံးပြုပြီး div တွေကို show/hide လုပ်တာတွေ နောက်ပြီးတော့ message box ပြတာတွေ image ပြောင်းတာတွေ စသည်ဖြင့် အများကြီး ဖန်တီးနိုင်ပါတယ်။

Javscript ဟာ script language အမျိုးအစားဖြစ်ပြီးတော့ အသုံးပြုသူ click လုပ်လိုက်တဲ့အခါ ဒါမှမဟုတ် cursor ကို ပုံပေါ်မှာ တင်လိုက်တဲ့ အခါ စသည့် event တွေ ပါဝင်လာပါတယ်။ Script ဟာ ကျွန်တော်တို့ရဲ့ website ထဲက ဖြစ်နိုင်သလို အခြား တနေရာက script တွေကိုလည်း ယူသုံးနိုင်ပါတယ်။

Javscript ဟာ pouplar script language ဖြစ်တာကြောင့် browser တွေ အကုန်လုံးမှာ support လုပ်ပါတယ်။ Webbrowser ဟာ client-side မှာ ရေးသားတဲ့အတွက် javscript ကို client-side scripting လို့ ခေါ်ကြပါတယ်။ အခုနောက်ပိုင်း node.js ကို အသုံးပြုပြီးတော့ server side အတွက်ပါ ရေးသားနိုင်ပါပြီ။

Javascript ဟာ java programming language နဲ့ မတူပါဘူး။ Java ဟာ javscript နှင့် ယှဉ်ရင်တော့ ပိုမိုရှုပ်ထွေးကျစ်လစ်ပြီးတော့ အသုံးချတဲ့ နေရာလည်း မတူပါဘူး။

Adding Scripts

Javscript ကို html code နဲ့ တွဲပြီး ရေးနိုင်သလို အပြင်က .js file ကိုလည်း ယူသုံးနိုင်ပါတယ်။ html code အထဲမှာ ရေးလိုရင်တော့ <script> နဲ့ </script> ကြားမှာ အသုံးပြုနိုင်ပါတယ်။

<!Doctype html>
<html>
<head>
  <title>JavScript</title>
  <script type="text/javscript" src="external.js"></script>
  <script type="text/javscript">
    function showalert()
    {
        alert("Hello World!");
    }
  </script>
</head>
</html>

ဒီ code မှာ ဆိုရင် external.js file ကို

<script type="text/javscript" src="external.js"></script>

နဲ့ အသုံးပြုထားပါတယ်။

Internal အတွက်ကိုတော့

<script type="text/javscript">
  function showalert()
  {
      alert("Hello World!");
  }
</script>

function ဆိုတာကတော့ အလုပ်လုပ်မယ့် အပိုင်းလေး တစ်ခုပါ။ function ရဲ့ အနောက်မှာ function name ပါပါတယ်။ function name ကို showalert ဆိုပြီး ပေးထားပါတယ်။ function name အနောက်မှာ arugment parameter ပါပါတယ်။ ဘာ data မှာ ထည့်တာကို allow မလုပ်ထားတာကြောင့် showalert() ဆိုပြီးပဲ ရေးသားထားတာပါ။ alert ဆိုတာကတော့ message box ပြမယ့် function ပါ။ javscript မှာ ပါပြီးသား function ပေါ့။ double quote ကြားမှာ ရေးချင်တဲ့ စာကို ထည့်ပြီး ရေးသားရပါတယ်။

Document Object Model

Javscript နဲ့ HTML ကို တွဲသုံးတဲ့အခါမှာတော့ DOM (document object model) က မဖြစ်မနေ အရေးပါပါတယ်။ DOM ဆိုတာကတော့ HTML ကို အဆင့်ဆင့် ခွဲသွားတဲ့ tree ပုံစံပါ။

Figure 10-1

Figure 10-1

Document root ဟာ <html> က စပြီးတော့ သူ့အောက်မှာ <head> နဲ့ <body> ရှိပါတယ်။ <head> အောက်မှာတော့ <title> ရှိတယ်။ <title> ထဲမှာတော့ My Page ဆိုတဲ့ စာ ရှိပါတယ်။ Javscript ဟာ DOM ကို အသုံးပြုပြီးတော့ အဆင့်ဆင့် ခေါ်ပြီး လိုအပ်တဲ့ value ကို ရအောင် access လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် id attribute ကို ခေါ်ပြီးတော့ DOM object ကို ရနိုင်ပါတယ်။

JavaScript Syntax

JavaScript ကို အသုံးပြုပြီးရေးရင် ကျွန်တော်တို့တွေ အနေနဲ့ တစ်ကြောင်းပြီး တစ်ကြောင်း ဘာလုပ်မလဲဆိုတာကို ခိုင်းရပါတယ်။ document ကနေ စာကြောင်းကို ယူမယ်။ ပြီးရင် စာ ကို နောက်မှာ ထပ် ပေါင်းမယ်။ ပြီးရင် document ထဲကို ပြန်ထည့်မယ်။ အဲလိုမျိုး တစ်ကြောင်းဆီ ဘာလုပ်မလဲဆိုတာကို ရေးပေးရပါမယ်။

ဥပမာ။။

var k = 1;
k = k + 5;

အဲဒီမှာဆိုရင် k ထဲကို ၁ ထည့်ထားပါတယ်။ ပြီးလျှင် k ထဲကို k ထဲက တန်ဖိုးနဲ့ ၅ နဲ့ ပေါင်းပါဆိုပြီး ရေးသားထားပါတယ်။

သချာင်္က ရေးသားပုံနဲ့ မတူတာကတော့ ညာဘက်ကနေ ဘယ်ဘက် variable ထဲကို တန်ဖိုး ထည့်ပါတယ်။ javascript မှာ အဆုံး ကို semicolons (;) နဲ့ ဆုံးရပါတယ်။ programming ကို မလေ့လာဖူးသေးရင်တော့ JavaScript ရေးရမှာ နည်းနည်းခက်ခဲပေမယ့် နားလည် သွားရင် ရေးသားရတာလွယ်ကူပါလိမ့်မယ်။

နောက်ထပ် ဥပမာ ကြည့်ရအောင်။

var x = "Hello";
x = x + " World!";
alert(x);

ဒီမှာဆိုရင်တော့ x ကို Hello ဆိုတဲ့ စာထည့်လိုက်ပါတယ်။ ပြီးမှ World! ဆိုတဲ့ စာကြောင်း ကပ်လိုက်ပါတယ်။ alert ဆိုတာကတော့ javscript မှာ messagebox ဖော်ပြဖို့ အတွက် အသုံးပြုပါတယ်။

ဒီလောက်ဆိုရင်တော့ အနည်းငယ်လေးတော့ တီးမိခေါက်မိရှိလောက်ပါပြီ။

results matching ""

    No results matching ""