Understanding Video and Audio

Video နဲ့ audio တွေ ကို ကိုယ့်ရဲ့ website ထဲမှာ ထည့်သွင်းနိုင်ပါတယ်။ video ဟာ ကိုယ့်ရဲ့ product ကို ကြော်ငြာ သဘောမျိုး ဒါမှမဟုတ် ရုပ်ရှင် စတာတွေ အတွက် ထည့်သွင်းကြပါတယ်။

Video

Video တွေဟာ internet connection ကောင်းဖို့ လိုပါတယ်။ video ကို ထည့်သွင်းရာမှာ file size ကြီးတဲ့ အခါမှာ video မြင်ရတာ နှေးသွားနိုင်သလို borwser တွေ တစ်ခု နဲ့ တစ်ခု ဟာ support လုပ်တဲ့ file format တွေ မတူပါဘူး။

HTML 5 မှာ video ထည့်သွင်းဖို့အတွက် <video> tag ပါဝင်လာပါတယ်။ src attribute မှာ <img> tag လိုမျိုး video ရဲ့ ပတ်လမ်းကြောင်းကို ထည့်သွင်းနိုင်ပါတယ်။

Audio

Audio file တွေဟာ ကိုယ့်ရဲ့ site ထဲမှာ သီချင်းတွေ နောက်ပြီးတော့ အသံသွင်းထားတာတွေကို ထည့်ချင်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ podcast လိုမျိုး စကားပြော အခန်း ဆက်တွေလိုမျိုး website တွေမှာလည်း အသုံးပြုနိုင်ပါတယ်။

HTML 5 မှာ video ထည့်သွင်းဖို့အတွက် <audo> tag ပါဝင်လာပါတယ်။ src attribute မှာ <img> tag လိုမျိုး video ရဲ့ ပတ်လမ်းကြောင်းကို ထည့်သွင်းနိုင်ပါတယ်။

Files

Video file တွေဟာ ပုံမှန် အားဖြင့် အမြင့်ဆုံး 720p resolution ကို ပုံမှန် အသုံးပြုကြပါတယ်။ အများဆုံး အနေနဲ့ 1080p resoultion ကို အသုံးပြုကြတယ်။ connection နှေးတဲ့ နေရာတွေ အတွက်ကတော့ 480p လောက်က ပို အဆင်ပြေပါလိမ့်မယ်။

Audio,Video File တွေကို ပြောင်းဖို့အတွက် converter တော်တော်များများ ရှိပါတယ်။ HandBreak converter ဟာ video တွေကို ပြောင်းလဲဖို့ အတွက် ကောင်းမွန်တဲ့ App ဖြစ်ပြီးတော့ Free လည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ Miro ဟာ လည်း ရိုးရှင်းတဲ့ UI နဲ့ အသုံးပြုရလွယ်ပါတယ်။ WebM , Ogg Theora စတဲ့ format တွေကို ပြောင်းလဲ နိုင်ပါတယ်။

Different Browsers, Different Formats

Video , Audio တွေဟာ browser ပေါ်မှာ မူတည်ပြီး support လုပ်တာ ကွာပါတယ်။ အောက်မှာ ဇယားနဲ့ တကွ ဖော်ပြထားပါတယ်။

Browser Video Audio
Google Chrome 10 Ogg Theora (ogg,.ogv) H.264 (.m4v) , WebM (.webm) Vorbis (.ogg,.oga)
Mozilla Firefox 4 Theora (.ogg,.ogv) , WebM (.webm) Vorbis (.ogg, .oga)
Internet Explorer 9 H.264 (.m4v) , WebM(.webm) Vorbis (.ogg,.oga)
Apple Safari H.264 (.m4v) Mp3 (.mp3)

results matching ""

    No results matching ""