LInk တစ်ခုကို click နှိပ်ပြီး ဖွင့်လိုက်တဲ့ အခါမှာ လက်ရှိ page ကနေ တခြား page တစ်ခုကို ပြောင်းသွားပါတယ်။ လက်ရှိ page ကို မပျောက်ချင်ဘူး။ နောက်ထပ် page တစ်ခုကို windows အသစ်တစ်ခုမှာ ဖွင့်လိုတယ်ဆိုရင်တော့ a tag မှာ target="_blank" ကို အသုံးပြုနိုင်ပါတယ်။

<html>
<head>
  <title>Link</title>
</head>
<body>
  <h1>Home Page</h1>
  <a target="_blank" href="./gallery/index.html">Gallery</a>
</body>
</html>

မှာ ဆိုရင် Gallery ကို click နှိပ်လိုက်တဲ့ အခါမှာ browser မှာ tab အသစ်တစ်ခု နဲ့ ဖွင့်ပေးတာကို တွေ့ပါလိမ့်မယ်။

a tag တစ်ခု ခြင်းဆီမှာ လိုက်မထည့် ချင်ဘူး။ a tag အားလုံးကို page တစ်ခု အနေနဲ့ ဖွင့်ချင်တယ်ဆိုရင်တော့ base tag ကို အသုံးပြုရပါမယ်။

<base target="_blank">

ကို head tag ထဲမှာ ထည့်ထားပေးဖို့လိုပါတယ်။

<html>
<head>
  <title>Link</title>
  <base target="_blank">
</head>
<body>
  <h1>Home Page</h1>
  <a href="./gallery/index.html">Gallery</a>
</body>
</html>

တကယ်လို့ new tab ဖွင့်စေချင်တယ်။ ဒါပေမယ့် အချို့ link တွေကိုတော့ ဖွင့်ထားတဲ့ tab အသစ်ထဲမှာ ပဲ ပေါ်စေချင်ရင်တော့ target="new_tab" ဆိုပြီး နာမည်ပေးထားလို့ ရပါတယ်။ အသစ်ဖွင့်လိုက်တဲ့ tag name က new_tab ဖြစ်ပြီးတော့ target က new_tab လေး ပေးထားတဲ့ နေရာတွေမှာပဲ အသစ်ပွင့်ပါလိမ့်မယ်။

results matching ""

    No results matching ""