Change the Font

Font ကို ပြောင်းဖို့ အတွက် font-family: ဆိုတဲ့ property ကို အသုံးပြုရပါမယ်။ အောက်က code လေးကို တချက်ကြည့်လိုက်ပါ။

body {
    font-family: "Zawgyi-One",arial;
}
h1 {
    font-size: 40px;
    color: green;
}

h2 {
    font-size: 25px;
    color: #336699;
}

p {
    text-indent: 20px;
}

body ရဲ့ font ကို Zawgyi-One ပြောင်းထားတာကို တွေ့ရပါလိမ့်မယ်။ "Zawgyi-One",arial လို့ ရေးထားတဲ့ သဘောကျ Zawgyi-One font စက်ထဲမှာ မရှိရင် arial font ကို အသုံးပြုမယ်လို့ ဆိုထားပါတယ်။ comma (,) ကို ခံပြီးတော့ တစ်ခုထက် မက font-family တွေ ထည့်ထားလို့ရပါတယ်။

အဲဒီ code လေးကိုပဲ ကျွန်တော်တို့ ထပ်ပြီး ပြောင်းရအောင်

body {
    font-family: "Zawgyi-One",arial;
}
h1 {
    font-size: 40px;
    color: green;
    font-family: "Times New Roman",serif;
}

h2 {
    font-size: 25px;
    color: #336699;
    font-family: "Verdana",arial;
}

p {
    text-indent: 20px;
}

အထက်ပါ code မှာ h1 ကို Times New Roman သုံးပြီးတော့ h2 ကိုတော့ Verdana သုံးထားတာ တွေ့နိုင်ပါတယ်။ body မှာ Zawgyi-One လို့ ပြောခဲ့တဲ့ အတွက်ကြောင့် တခြား code တွေ အားလုံးဟာ Zawgyi-One font နဲ့ ဖော်ပြနေပါလိမ့်မယ်။ အဲဒီ code လေးကို run လိုက်ရင် အောက်က ပုံလို တွေ့ပါလိမ့်မယ်။

Figure 4-5

Figure 4-5

results matching ""

    No results matching ""