Web Page Images

Website မှာ image ကို နည်းလမ်း အမျိုးမျိုး နဲ့ အသုံးပြုနိုင်ပါတယ်။ အခုအချိန်မှာ အသုံးပြုကြတဲ့ format ကတော့ JPG , PNG , GIF စတဲ့ format တွေပါ။ Image တွေကို အသုံးပြုရမှာ file size ကို သတိထားရပါတယ်။ အရွယ်အစားကြီးမားတဲ့ image တွေဟာ web page ကို ဖော်ပြပြရန် ပုံတွေကို download ချရမှာ နှေးကွေးပါတယ်။

JPG

JPEG, ရဲ့ အရှည်ကတော့ Joint Photographic Experts Group ဖြစ်ပြီး 24 bit color (millions colors) ကို support လုပ်ပါတယ်။ JPEG ကို ကာလာတွေ အများကြီးပါတဲ့ ဓာတ်ပုံတွေ ရုပ်ပုံတွေ မှာ အသုံးပြုကြပါတယ်။ JPEG ဟာ background transparent ပုံတွေ ကို အဖြူရောင် နောက်ခံ အဖြစ်မြင်တွေ့ရပါလိမ့်မယ်။ JPEG ရဲ့ file extension ကတော့ .jpg ဖြစ်ပါတယ်။

GIF

GIF ရဲ့ နာမည်အပြည့်အစုံကတော့ Graphics Interchange Format ပါ။ အရောင်ပေါင်း ၂၅၆ ခုသာ support လုပ်ပါတယ်။ GIF ကို အများအားဖြင့် ရိုးရှင်းလှတဲ့ image တွေမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် logo နဲ့ လိုင်းတွေ တစ်ရောင်တည်းရှိတဲ့ ပုံတွေမှာ အသုံးပြုကြပါတယ်။ တကယ်လို့ image ဟာ အရောင်နည်းနည်းပဲ ပါဝင်ပြီး အသေးစိတ် မလိုအပ်ဘူးဆိုရင် GIF format ကို ရွေးချယ်သင့်ပါတယ်။ GIF ဟာ background transparent ပုံတွေကို သိမ်းနိုင်ပါတယ်။ GIF ဟာ images တွေ အများကြီး သိမ်းထားနိုင်ပြီးတော့ လှုပ်ရှားမှုပုံတွေကို ပြသနိုင်ပါတယ်။ GIF image ကို .gif file extension နဲ့ သိမ်းပါတယ်။

PNG

PNG (Portable Network Graphics) format ဟာ အရောင် မြောက်များစွာကို support လုပ်ပါတယ်။ ဒါ့အပြင် file အရွယ်အစားကိုပါ ချုံ့ပေးထားပါတယ်။ PNG ကို ပုံ အမျိုးမျိုးအတွက် ရွေးချယ် နိုင်ပါတယ်။ JPEG လိုပါပဲ PNG ဟာ 24 bit color ကို support လုပ်ပါတယ်။ ဒါ့အပြင် အရောင်အနည်းငယ်သာ ပါဝင်တဲ့ ပုံတွေ ကိုလည်း GIF ကဲ့သို့ save လုပ်နိုင်ပါတယ်။ GIF လိုပဲ background transparent ပုံတွေကို သိမ်းဆည်းနိုင်ပါတယ်။ PNG ဟာ GIF , JPEG တို့လို borwser အားလုံးမှာ support လုပ်ပါတယ်။ PNG ကို .png file extension နဲ့သိမ်းပါတယ်။

Downloading Considerations

Browser ဟာ web page မှာ ပုံတွေ ပြသဖို့ရန်အတွက် ပုံတွကို ဦးစွာ download ဆွဲချရပါတယ်။ တကယ်လို့ image size ဟာ ကြီးနေရင်တော့ ချက်ခြင်း မပြသနိုင်ပဲ အချိန် အနည်းငယ်ကြာမြင့်ပါလိမ့်မယ်။ Internet connection ရဲ့ speed ပေါ်မှာ မူတည်ပြီး download ချတဲ့ အချိန်ကြာမြင့်တတ်ပါတယ်။ ပုံအကြီးကြီးတွေကို မိမိ computer ထဲမှာ ကြည့်လျှင် မြန်ဆန်ပေမယ့် internet ပေါ်ရောက်သွားပြီး web server ပေါ်ကနေ download ချတဲ့ အခါ ကြာမြင့်ပါလိမ့်မယ်။ ဒါကြောင့် website တည်ဆောက်ရာမှာ ပုံတွေကို တတ်နိုင်သလောက် file အရွယ်အစား သေးအောင်ဖန်တီးထားသင့်ပါတယ်။ ပုံအကြီးကြီးတွေ အများကြီးပါခဲ့ရင်တော့ download လုပ်နေတာကြောင့် သင့် website ဟာ browser ပေါ်မှာ အပြည့်အစုံ ဖော်ပြဖို့အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေရပါလိမ့်မယ်။

Optimize Images

Image editing programs (photoshop , pixelmator , gimp) စတာတွေမှာ image quality ကို ချိန်ညှိတာပါပါတယ်။ image quality ပေါ်မှာ မူတည်ပြီးတော့ image size တွေ ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ ပုံအကြီးကြီးတွေ သုံးရမယ်။ image size က 100 K ထက်ကျော်နေရင်တော့ connection နှေးတဲ့ နိုင်ငံတွေမှာ ပုံတွေကို download ချရမှာ နှေးနေပါမယ်။ GIF သို့မဟုတ် PNG ကို အသုံးပြုရရင် colors အရေအတွက်ကို လျော့ချခြင်းဖြင့် ဖိုင်အရွယ်အစားကို သေးလိုက်နိုင်ပါတယ်။ Photoshop လိုမျိုး editor တွေမှာ save for web လိုမျိုး feature တွေပါပါတယ်။ ဒါမှမဟုတ် windows မှာပါတဲ့ pain , mac မှာပါတဲ့ preview တို့ကလည်း image size ပြောင်းတဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။

Alternative Text

အသုံးပြုသူတွေဟာ စာဖတ်ရတာ မြန်အောင် ပုံတွေကို မမြင်ရတဲ့ download ချတဲ့ setting ကို browser မှာ ထားလို့ရပါတယ်။ အဲဒီအခါမှာ ပုံတွေ ကို အသုံးပြုသူမမြင်ရပေမယ့် ပုံနဲ့ သက်ဆိုင်တဲ့ စာကို ပုံအစား ဖော်ပြလို့ရပါတယ်။ အဲဒီ အတွက် alternative text ကို အသုံးပြုပါတယ်။ Alternative text ဆိုတာဟာ user ကို ဒါ ဘာပုံလဲဆိုတာကို နားလည်စေရန် ရည်ရွယ်ပါတယ်။ Alternative ထည့်သွင်းပုံကို ဒီ အခန်းမှာ ဖော်ပြပေးမှာပါ။

results matching ""

    No results matching ""