Offer Multiple Sources

ကျွန်တော်တို့တွေ အနေနဲ့ audio ၊ video တွေရဲ့ source ကို တစ်ခုထက် မက ထည့်လို့ရပါတယ်။ <video> မှာဆိုရင် .webm , .ogg , .mp4 စတာတွေကို တစ်ခါတည်း ထည့်ထားလို့ရပါတယ်။ HTML 5 မှာ တစ်ခု နဲ့ ဖွင့်လို့ မရရင် နောက်ထပ် source တစ်ခု ကို အလိုအလျောက် ပြောင်းဖွင့်ပေးပါလိမ့်မယ်။ ဒါကြောင့် video အတွက် ဆိုရင် ပုံမှန် အားဖြင့် .ogg , .mp4 file ၂ ခု ကို ထည့်သွင်းတတ်ကြပါတယ်။ .ogg ကတော့ chrome , fire အတွက် ဖြစ်ပြီးတော့ .mp4 ကတော့ safari , iphone , ipad စတာတွေ အတွက်ပါ။

<!DOCTYPE html>
<html>
<head>
  <title>Video</title>
</head>
<body>  
  <h1>Big Buck Bunny</h1>
  <video controls>
    <source src="movie.ogg" type="video/ogg">
      <source src="movie.webm" type="video/webm">
      <source src="movie.mp4" type="video/mp4">
  </video>
</body>
</html>

ဒီ example မှာဆိုရင်တော့ ပုံမှန် video နဲ့ အတူတူပါပဲ။ ကွာတာကတော့ source အသုံးပြုထားတာပါ။

<source> tag ရဲ့ src attribute မှာ ထည့်မယ့် video ရဲ့ file လမ်းကြောင်းကို ထည့်ရပါတယ်။ type ကတော့ video ရဲ့ MIME ပါ။ ဒီ code မှာ multiple source ကို အသုံးပြုထားပြီး ogg, webm , mp4 စတာတွေ ရှိတဲ့ အတွက်ကြောင့် safari , chrome ,firefox , iphone safari ,ipad safari စတာတွေမှာလည်း အလုပ်လုပ်ပါလိမ့်မယ်။

results matching ""

    No results matching ""