Change Page Content
ကျွန်တော်တို့တွေ JavaScript နဲ့ DOM object ကို ရယူပြီးတော့ အထဲမှာ ရှိတဲ့ content တွေကိုလည်း ပြောင်းလဲ နိုင်ပါတယ်။ ကျွန်တော်တို့တွေ id
နဲ့ DOM ကို ရယူပါမယ်။ ပြီးတော့ innerHTML
method ကို သုံးပြီး အထဲက HTML code ကို ပြောင်းလဲနိုင်ပါတယ်။ အောက်မှာ ဥပမာ code လေးကြည့်ရအောင်။
<html>
<head>
<title>JavaScript</title>
<script>
function updateText()
{
document.getElementById('content').innerHTML = document.getElementById('update_text').value;
}
</script>
</head>
<body>
<section>
<input type="text" value="" id="update_text">
<input type="button" value="Update" onclick="updateText()">
</section>
<section id="content">
Hello World!
</section>
</body>
</html>
ဒီ code လေးမှာ text box ထဲကို စာရိုက်ထည့်ပြီး update လုပ်လိုက်တဲ့ အခါ Hello World!
ဆိုတဲ့စာ အစား text box က စာ ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။
Figure 10-13
Figure 10-14
Text box ထဲက data ကို လိုချင်ရင် value
property နဲ့ ဖတ်ရပါတယ်။ div , section စတဲ့ elemnt ထဲက HTML data တွေကို ပြောင်းချင်ရင်တော့ innerHTML
property ကို update လုပ်ပေးရပါတယ်။