Change the Text Case
Text Case ပြောင်းတယ်ဆိုတာကတော့ လက်ရှိ text တွေကို css ကနေ အလိုအလျောက် capitalize, uppercase, lowercase စသည်ဖြင့် ပြောင်းလဲတာပါ။ text-transform property ကို အသုံးပြုနိုင်ပြီး value တွေကတော့ capitalize, uppercase, lowercase , none တို့ကို အသုံးပြုနိုင်ပါတယ်။ လက်ရှိ code က h2 ကို အောက်ကလို ပြောင်းရေးပါမယ်။
h2 {
font-size: 25px;
color: #336699;
font-family: "Verdana",arial;
text-align: center;
text-transform: uppercase;
}
အထက်ပါ code မှာ text-transform: uppercase; ဆိုတာကတော့ လက်ရှိ text ကို စာလုံး အကြီးနဲ့ ဖော်ပြမယ်လို့ ဆိုထားတာပါ။ အဲဒီ code လေးက အောက်ကလို မြင်ရပါလိမ့်မယ်။
Figure 4-7