Insert A Video File

ကျွန်တော်တို့ webpage မှာ video ကို <video> tag အသုံးပြုပြီး ထည့်သွင်းနိုင်ပါတယ်။ src attribute မှာ video သိမ်းထားတဲ့ နေရာလေးကို ထည့်ပေးလိုက်ရင် ရပါပြီ။ Brower မှာ play , pause စတဲ့ control နဲ့ video progress စတာတွေ ပါလာပါလိမ့်မယ်။ UI က browser ပေါ်မှာ မူတည်ပြီး ပြောင်းလဲ မှု ရှိပါတယ်။ နောက်တနည်းကတော့ youtube လိုမျိုး video host မှာ တင်ပြီးတော့ မိမိ ရဲ့ website ထဲမှာ embed လုပ်ပြီး ထည့်တဲ့ နည်းပါပဲ။

အရင်ဆုံး ကျွန်တော်တို့တွေ video tag နဲ့ ထည့်ကြည့်ရအောင်။

<!DOCTYPE html>
<html>
<head>
  <title>Video</title>

</head>
<body>
  <h1>Big Buck Bunny</h1>
  <video src="movie.ogg" controls>
    Your browser does not support the video tag.
  </video>
</body>
</html>

video မှာ movie.ogg file လေးကို ထည့်ထားပါတယ်။ chrome သို့မဟုတ် firefox နဲ့မှသာ ကြည့်ုလို့ရပါလိမ့်မယ်။ တကယ်လို့ video tag ကို support မလုပ်တဲ့ browser ဖြစ်ခဲ့ရင် Your browser does not support the video tag. ဆိုပြီး ဖော်ပြပါလိမ့်မယ်။

Figure 12-1

Figure 12-1

video tag မှာ controls ဆိုတာကတော့ play, pause စတဲ့ control တွေ ပါမယ်လို့ ဆိုလိုပါတယ်။

တကယ်လို့ browser တက်တက်လာခြင်းမှာ video ကို play လုပ်စေချင်ရင်တော့ autoplay ဆိုတာကို ထည့်ထားပေးဖို့လိုပါတယ်။

<video src="movie.ogg" controls autoplay>

results matching ""

    No results matching ""