Add Javascript to a Web Page
JavaScript ကို <script>
နဲ့ </script>
ကြားမှာ code တွေကို ရေးသားရပါတယ်။ type attribute ကတော့ ဘယ် script language ကို အသုံးပြုမယ်လို့ ဆိုလိုပါတယ်။ ပုံမှန် အားဖြင့် script တွေကို <head>
tag ကြားမှာရေးပေမယ့် ကျွန်တော်တို့တွေ body မှာ လည်း အသုံးပြုနိုင်ပါတယ်။
<!DOCTYPE html>
<html>
<head>
<title>JavaScript</title>
</head>
<body>
<script type="text/javascript">
document.write("Screen width : " + screen.width);
document.write("<br>");
document.write("Screen height : " + screen.height);
</script>
</body>
</html>
အဲဒီ code ဟာ screen ရဲ့ width နဲ့ height ကို webpage မှာ ရိုက်ထုတ်ပြထားတာပါ။
Figure 10-2
ViewSource မှာ ဆိုရင်တော့ ကျွန်တော်တို့ ရေးထားသည့် code အတိုင်းပဲ မြင်ရပါလိမ့်မယ်။ Chrome သို့မဟုတ် firefox ကို အသုံးပြုရင် Browser ပေါ်မှာ right click နှိပ်ပြီး Inspect Element ကို နှိပ်လိုက်ပါ။
Figure 10-4
Elemtns ထဲမှာ document.write
နဲ့ရေးထားတာ မဟုတ်ပဲ HTML code တွေကို တွေ့ရပါလိမ့်မယ်။
Figure 10-4