Understanding Script Events and Handlers
JavaScript ကို ထည့်တော့မယ်ဆိုရင် JavaScript ဟာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သိဖို့လိုပါတယ်။ JavaScript ဟာ ပုံမှန်အားဖြင့် webpage တက်လာတာနဲ့ အလုပ်လုပ်ပါတယ်။ တချို့တွေကတော့ action တစ်ခုခု ရှိမှသာ အလုပ်လုပ်တာတွေရှိပါတယ်။ web developer အနေနဲ့ script တွေကို ဘယ်လို အလုပ်လုပ်စေချင်လဲဆိုတာကို ရေးသားထားပေးဖို့ လိုပါတယ်။
Script Events
သို့ပေမယ့် ကျွန်တော်တို့တွေဟာ button click လုပ်လိုက်တဲ့ အခါ ဒါမှမဟုတ် ပုံပေါ်ကို mouse ရောက်သွားတဲ့အခါမှသာ အလုပ်လုပ်စေချင်တဲ့အခါတွေမှာ သူနဲ့ သက်ဆိုင်ရာ event တွေမှာ ရေးသားထားပေးရပါတယ်။ JavaScript events action တွေဟာ web page ကို အသုံးပြုနေတဲ့ အချိန်မှာ အလုပ်လုပ်နေပါတယ်။ ဥပမာ။။ button ကို နှိပ်လိုက်ရင် alert ပြတာမျိုးပေါ့။ mouse event အတွက်ကတော့ mouse ရွှေ့လိုက်တဲ့အခါမှာ position ဘယ်နေရာမှာ ရှိလဲဆိုတာကို သိနိုင်ဖို့အတွက်ပါ။ နောက်ပြီး keyboard event တွေအတွက် key တစ်ခုခု နှိပ်လိုက်တိုင်း ဘယ် စာလုံးကို နှိပ်တယ်ဆိုတာကို သိနိုင်ပါတယ်။
Event Handlers
<img src="dog.png" onclick="bark()">
<img src="cat.png" onmouseover="purr()">
Event handlers ကတော့ event တစ်ခု ထဲရောက်လာပြီဆိုရင် ဘယ် function ကို သွားခေါ်မလဲဆိုတာကို ရေးသားထားပေးရပါတယ်။ အထက်ပါ code မှာ ဆိုရင် dog.png ပုံလေးကို နှိပ်လိုက်တဲ့ အခါမှာ onclick event ကို ရောက်လာပါတယ်။ အဲဒီအခါ handler က bark() function ဖြစ်နေတဲ့အတွက် bark() ကို လှမ်းခေါ်လိုက်ပါတယ်။
နောက်ထပ် ဥပမာလေး ကြည့်ရအောင်။
<!DOCTYPE html>
<html>
<head>
<title>Sample</title>
<script>
function showAlert()
{
alert('Clicked');
}
</script>
</head>
<body>
<img src="world.png" onclick="showAlert();">
</body>
</html>
ဒီ code လေးမှာဆိုရင် world.png ပုံလေးကို နှိပ်လိုက်တာနဲ့ alert box လေးတက်လာတာကို တွေ့ရပါလိမ့်မယ်။
Event Handler | Action |
---|---|
onload | browser က page ကို load ဖြစ်တဲ့အချိန် တက်လာတဲ့ event |
onunload | Browser က page ကနေ ထွက်သွားတဲ့ အခါမှာ ခေါ်တဲ့ event |
onmouseover | element ပေါ်မှာ mouse တင်လိုက်တဲ့ အခါ ရောက်လာတဲ့ event |
onmousedown | mouse ခလုတ် နှိပ်လိုက်တဲ့ အချိန် ရောက်လာတဲ့ event |
onmouseup | mouse ခလုတ် နှိပ်ပြီး လွှတ်လိုက်တဲ့ အချိန် ရောက်လာတဲ့ event |
onmousemove | mouse ရွှေ့လိုက်တဲ့အချိန်အတွက် |
onmouseout | element ကနေ mouse ထွက်သွားတဲ့ အချိန် |
onclick | click နှိပ်လိုက်တဲ့ အခါမှာ ရောက်လာတဲ့ event |
ondblclick | double click နှိပ်လိုက်တဲ့ အခါမှာ ရောက်လာတဲ့ event |
onkeypress | keyboard ကနေ key ကို ဖိပြီး လွှတ်လိုက်တဲ့ အချိန်မှာ ရောက်လာတဲ့ event |
onkeydown | key ကို ဖိထားချိန်အတွက် |
onkeyup | key ကို လွှတ်လိုက် ချိန်အတွက် |
onsubmit | submit button ကို နှိပ်လိုက်တဲ့ အချိန်အတွက် |