Change Text Alignment
Text alignment ကို ပြောင်းဖို့အတွက် text-align ဆိုတာကို အသုံးပြုရပါတယ်။ text-align မှာ left , right , center နဲ့ justify ဆိုတဲ့ value တွေကို ထည့်သွင်းနိုင်ပါတယ်။
ကျွန်တော်တို့ လက်ရှိ code က h1 နဲ့ h2 ကို center ပို့ဖို့ အတွက် code ကို အောက်ကလို ပြောင်းလိုက်ပါတယ်။
h1 {
font-size: 40px;
color: green;
font-family: "Times New Roman",serif;
text-align: center;
}
h2 {
font-size: 25px;
color: #336699;
font-family: "Verdana",arial;
text-align: center;
}
အထက်ပါ code မှာ text-align: center; ဆိုတာ လက်ရှိ text alignement ကို center ပြောင်းလိုက်တာပါ။ အဲဒီ code ကို အောက်ကလို မြင်ရပါလိမ့်မယ်။
Figure 4-6
တကယ်လို့ right alignment ကို အသုံးပြုချင်ရင်တော့ text-align: right; ဆိုပြီး ခေါ် အသုံးပြုနိုင်ပါတယ်။